အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရုံးခန်းဖွင့်လှစ်တာ ၃ နှစ်ပြည့် တွေ့ဆုံပွဲကို ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ ညနေပိုင်းက ပြုလုပ်ခဲ့တာပါ။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မယ်ရီလန်းပြည်နယ်နဲ့ ဒီစီဧရိယာမှာနေထိုင်တဲ့ မြန်မာနွယ်ဖွား တက်ကြွလှုပ်ရှားသူတွေကို ဖိတ်ကြားပြီး နွေဦးတော်လှန်ရေး ၅ နှစ်ပြည့် အမှတ်တရစကားတွေ ပြောဆိုခဲ့ကြပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီရုံးခန်းကို မူလက ၁၅ လမ်းမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ နေရာသစ် 7035 Blair Rd NW မှာပြောင်းရွှေ့ ဖွင့်လှစ်ထားတာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီရုံးဟာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ၊ ဦးဆောင်သူတွေ၊ တိုင်းရင်းသားလူမျိုးအစုအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး အမေရိကန်ပြည်ထောင်စု တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ၊ စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။














