Home
မြန်မာသတင်း
မြစ်ကြီးနား၊ တာလောကြီးရွာ ဗုံးကြဲခံရပြီး ၁ ဦးသေ၊ ကလေးများအပါအဝင် ၈ ဦး ဒဏ်ရာရ
DVB
·
February 14, 2026

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၁ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်ကြီးနားမြို့​ရဲ့ ဧရာဝတီမြစ်တဘက်ကမ်းမှာရှိတဲ့ တာလောကြီးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၁၁ ကြိမ် လှည့်ပတ်ပစ်ခတ်တာဖြစ်ပြီး ကလေးငယ် ၃ ယောက် အပါအဝင် ၈ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ဒေသခံတယောက်က “ဦးသိန်းဇော်က သေသွားတယ်။ ကလေး ၃ ဦးအပါ ၇ ဦး ဒဏ်ရာရပါတယ်။ သူတို့အမည်ကိုတော့ လုံခြုံရေးအရ မပြောချင်ဘူး။ သူတို့ကို မြစ်ကြီးနားဆေးရုံကို ပို့ထားရတယ်” လို့ DVB ကိုပြောပါတယ်။

သေဆုံးသူ ဦးသိန်းဇော်ဟာ အသက် ၅၀ အရွယ်ရှိပြီး ဒဏ်ရာရသူတွေထဲမှာ ၅ နှစ်အရွယ်၊ ၇ နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ်ကလေးတွေပါတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းနဲ့ အနီးဝန်းကျင်နေရာတွေကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီဟာ မြစ်ကြီးနားမြို့ကနေ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013