
ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံ ရဲတိုက်တခုမှာ စုဝေးခဲ့ကြပြီး အမေရိကန်နဲ့ တရုတ်တို့ရဲ့ စီးပွားရေးအရ နောက်ကောက်ချတာ ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာပြိုင်ဘက်တွေရဲ့ အခွန်နဲ့ ပို့ကုန်ကန့်သတ်ချက်တွေကြောင့် ဖိအားပေးခံရတာတွေ မရှိစေရေး ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။
ဒီအဖွဲ့ဟာ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကုန်သွယ်ရေးစစ်ပွဲနဲ့ အရေးကြီးတဲ့ သတ္တုတွေ တင်ပို့မှုအပေါ် တရုတ်ရဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရပြီး ကာဗွန်လျှော့ချဖို့၊ ဒစ်ဂျစ်တယ် စနစ်ဆီ ပြောင်းလဲဖို့ ၊ ရုရှားကို ခုခံကာကွယ်နိုင်ရေး ပိုကြွယ်ဝတဲ့ ချမ်းသာကြွယ်ဝမှု လိုအပ်ချက်တွေနဲ့ ရင်ဆိုင် နေရပါတယ်။
EUရဲ့ ကြီးထွားမှုက အမေရိကန်နဲ့ တရုတ်ထက် အမြဲတမ်း နောက်ကျနေပြီး ဉာဏ်ရည်တု AI လို နယ်ပယ်တွေမှာ EU ရဲ့ ထုတ်လုပ်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေက လိုအပ်ချက်တွေ ရှိနေတာပါ။
ဥရောပ ကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက ဘယ်လိုအရေးယူဆောင်ရွက်ချက်တွေကို ဆောင်ရွက်ရမလဲ ဆိုတာ ဆွေးနွေးဖို့ အရှေ့ဘယ်လ်ဂျီယံက ၁၆ ရာစုမှာ တည်ဆောက်ခဲ့တဲ့ အယ်လ်ဒန် ဘီဆန်ရဲတိုက်မှာ ဥရောပ ခေါင်းဆောင်တွေကို အစည်းအဝေး ခေါ်ယူကျင်းပတာလည်း ဖြစ်ပါတယ်။
Source:Reuters


