
အီသီယိုးပီးယားရဲ့ စီးပွားရေးဟာ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ ၁၀ ဒသမ ၂ ရာခိုင်နှုန်း တိုးမယ်လို့ ဝန်ကြီးချုပ် အဘီအာမက်က ဖေဖော်ဝါရီ ၃ ရက်မှာ ပြောလိုက်ပြီး ဒါဟာ ဇွန်လမှာ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက် ၈ ဒသမ ၉ ရာခိုင်နှုန်းထက် ပိုမြင့်ခဲ့ပါတယ်။
အဘီအာမက်က အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ကျောထောက်နောက်ခံ ပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် စီးပွားရေးက နှစ်လယ်ပိုင်းမှာ မျှော်မှန်းထားတာထက် ပိုအားကောင်းလာမယ်လို့ ဥပဒေပြုအမတ်တွေကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ခြောက်လကလို အာရုံပျံ့လွင့်မှုမရှိဘဲ နောက်ခြောက်လအတွင်း နေ့ရောညပါ ဆောင်ရွက်ရင် ရလဒ်တွေက ပိုကောင်းနိုင်တယ်လို့လည်း သူက ပြောပါတယ်။
လွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောရာမှာ ဝန်ကြီးချုပ်က အမေရိကန်ဟာ GERD ကို ရန်ပုံငွေထောက်ပံ့နေတယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ အခိုင်အမာပြောဆိုချက်ကို ပယ်ချခဲ့ပါတယ်၊
အီသီယိုးပီးယားဟာ နိုင်ငံတည်ဆောက်မှုအတွက် နိုင်ငံခြားချေးငွေ ဒါမှမဟုတ် အကူအညီ တပြားတတချပ်မှ မရခဲ့ဘူးလို့ အခိုင်အမာပြောခဲ့ပြီး ပြည်တွင်းထည့်ဝင်ငွေတွေနဲ့သာ တည်ဆောက်ခဲ့တာလို့ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် အာဘီအာမက်ဟာ ၁၀ ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးရဲ့ တစိတ်တပိုင်းအဖြစ် အီသီယိုးပီးယားနိုင်ငံရဲ့ ပြည်သူ့လွှတ်တော်ကို တက်ရောက်ခဲ့တာပါ။
အစိုးရရဲ့ နှစ်လယ်စွမ်းဆောင်ရည် အစီရင်ခံစာကို ဖတ်ကြားခဲ့ပြီး လွှတ်တော် အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
Source:Reuters


