
မက္ကဆီကိုနိုင်ငံ၊ ဝါဟာကာပြည်နယ်ရှိ တယ်ဝမ်တယ်ပက် ကုန်းမြောင်ဒေသမှာ ဖေဖော်ဝါရီ ၁၀ ရက်က နိုင်ငံပိုင် ပဲမက်ခ်စ် ရေနံကုမ္ပဏီရဲ့ ပိုက်လိုင်းတခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဆာလိုမုန် ဟာရာက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရောက်ရှိကာ လုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။
မက္ကဆီကိုအစိုးရပိုင် ပဲမက်ခ်စ် ရေနံကုမ္ပဏီကတော့ အခုဖြစ်စဉ်အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။
Source: Reuters


