
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်ခရိုင်မှာ စာသင်ကျောင်းတကျောင်းကို ဖေဖော်ဝါရီ ၁၁ ရက်က ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို ဖမ်းဆီးထားပြီး ဓားစာခံအဖြစ် အဖမ်းခံထားရသူအားလုံးကို လွှတ်ပေးခဲ့တယ်လို့ ရဲအရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လက်နက်ကိုင်ရဲတွေက မြေပြင်ပေါ်မှာ ချုပ်နှောင်ခံထားရတာကို မြင်ရတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားတယောက်ဟာ ဖေဖော်ဝါရီ ၁၁ ရက် အစောပိုင်းက ဆွန်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့က ပါတွန်ပရာသန်ကီရီဝပ်ကျောင်းထဲကို သေနတ်နဲ့ ဝင်ခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက လူမှုမီဒီယာမှာ ပြောပါတယ်။
ဒီဖြစ်ရပ်မှာ ကျောင်းသားတယောက်နဲ့ ဆရာတယောက် အပါအဝင် လူ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒုတိယရဲမှူးကြီး ဝီချီယန် ဆိုဘွန်းက ပြောပါတယ်။ ဒီပစ်ခတ်မှုမှာ ကျောင်းအုပ်ဆရာမကြီး ထိမှန်သေဆုံးသွားတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
၂၀၂၂ ခုနှစ်မှာ နိုင်ငံအရှေ့ပိုင်းက နေ့ကလေးထိန်းဌာနတခုကို သေနတ်၊ ဓားတွေနဲ့ တိုက်ခိုက်မှုတခု ကြောင့် ကလေး ၂၂ ယောက် အပါအဝင် လူ ၃၆ ယောက် သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံမှာ သေနတ် ပိုင်ဆိုင်မှုနဲ့ အကြမ်းဖက်မှုတို့က မထူးဆန်းပါဘူး။
Source: Reuters


