
မန်ယူနိုက်တက်ပစ်မှတ်နည်းပြ ဒီဇာဘီဟာ ပြင်သစ်ကလပ် မာဆေးလ်နည်းပြရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။
ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီဇာဘီဟာ ပီအက်စ်ဂျီကို ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်အဆင့်မတက်ခဲ့တဲ့အပေါ် စိတ်ပျက်နေပြီး အသင်းကို အကောင်းဆုံးဖြစ်အောင် မစွမ်းဆောင်နိုင်တော့ဘူးလို့ ယူဆခဲ့တာကြောင့် အခုတပတ်အတွင်းမှာ အသင်းကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။
မာဆေးလ်အသင်းဟာ အခုတပတ်မှာကစားမဲ့ စထရတ်ဘော့နဲ့ပွဲစဉ်ကို ယာယီနည်းပြတယောက်နဲ့ အစားထိုးဖို့ စီစဉ်ထားတယ်လို့ ပြင်သစ်သတင်းစာ RMC Sport က ဖော်ပြပါတယ်။
ဒီဇာဘီဟာ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းကို ၂ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် မာဆေးလ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး မနှစ်ကရာသီမှာ အဆင့် ၂ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။
ယူနိုက်တက်ဟာ လာမဲ့ရာသီမှာခန့်အပ်မဲ့ အမြဲတမ်းနည်းပြလျာထားစာရင်းမှာ အီတလီနည်းပြ ဒီဇာဘီကိုလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။
Photo: Reuters


