
အာဆင်နယ်ကြယ်ပွင့် အီသန်နွန်နရီဟာ မာဆေးလ်နဲ့ ပထမဆုံးပွဲဦးထွက်မှာပဲ ဂိုးစတင် သွင်းယူ နိုင်ခဲ့ပါတယ်။
လန်းစ်အသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ နွန်နရီက ပွဲထွက်ကစားခွင့်ရရှိ ခဲ့သလို ပွဲချိန် ၁၃ မိနစ်မှာ ဒုတိယဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အင်္ဂလန်ကြယ်ပွင့်တိုက်စစ်ကစားသမားဟာ အာဆင်နယ်မှာ ပွဲထွက်ခွင့်နည်းပါးတာကြောင့် နည်းပြအာတေတာက မာဆေးလ်အသင်းဆီရာသီဝက် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့်ပေးခဲ့တာပါ။
ဧရိယာထိပ်ကနေ ဂိုးသွင်းယူခဲ့တဲ့ နွန်နရီဟာ ပွဲချိန် ၅၈ မိနစ်မှာတော့ ဂရင်းဝုဒ်နဲ့ လူစားလဲ ခံခဲ့ရပါတယ်။
မန်ယူကစားသမားဟောင်း ဂရင်းဝုဒ်ဟာ မာဆေးလ်အတွက် အခုနှစ်ရာသီမှာ ၁၂ ဂိုး သွင်းထားသူဖြစ်ပြီး နွန်နရီနဲ့အပြိုင် ပွဲထွက်တနေရာ လုသွားရဖို့ရှိပါတယ်။
Photo: Reuters


