ပြင်သစ်ကလပ် မာဆေးလ်အသင်းဟာ ဂျူဗင်တပ်ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ ဆက်သွယ် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ပြင်သစ်ကွင်းလယ်ကစားသမားဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄ နှစ် ပွဲပယ်ခံထားရပေမဲ့ ပြစ်ဒဏ်လျှော့ပေါ့ခဲ့တာကြောင့် လာမယ့်နှစ် မတ်လက စတင်ပြီး ဘောလုံး ပြန်ကစားခွင့် ရရှိတော့မှာပါ။
ဂျူဗင်တပ်အသင်းက ပေါ့ဘာကို စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးနေချိန်မှာ မားဆေးလ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်လာခဲ့တာလို့ ပြင်သစ်သတင်းစာတွေမှာ ဖော်ပြပါတယ်။
မာဆေးအသင်းကို ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီ က တာဝန်ယူကိုင်တွယ်နေပြီး မန်ယူ တောင်ပံကစားသမားဟောင်း မေဆန်ဂရင်းဝုဒ် ပြောင်းရွှေ့ကစားနေတဲ့အသင်း ဖြစ်ပါတယ်။