တားမြစ်ဆေးသုံးစွဲမှုနဲ့ ၄ နှစ်ပွဲပယ်ခံထားရတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ၁၈ လ ပွဲပယ် ပြစ်ဒဏ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
ဂျူဗင်တပ်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ၄ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး အားကစားဆိုင်ရာခုံရုံးဆီ အယူခံတင်သွင်းခဲ့ပြီးနောက် ပြစ်ဒဏ်လျှော့ပေါ့ ချမှတ်ခံခဲ့ရတာပါ။
ပေါ့ဘာဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ လေ့ကျင့်ခန်းပြန်ဆင်းခွင့်ရရှိမှာဖြစ်ပြီး အခုနှစ် ဘောလုံး ရာသီနောက်ပိုင်းပွဲစဉ်တွေကို ပြန်လည်ယှဉ်ပြိုင် ကစားခွင့်ရရှိတော့မှာပါ။
နောက်ဆုံးမှာတော့ အိပ်ရေးပျက်ညတွေ ကုန်လွန်သွားပြီဖြစ်ပြီး ခုံရုံးရဲ့ဆုံးဖြတ်ချက်တွေနဲ့ အညီ မိမိရဲ့အိပ်မက်ကို ပြန်လည်အသက်သွင်းနိုင်တော့မှာဖြစ်ကြောင်း ပေါ့ဘာက တွစ်တာစာမျက်နှာ ကနေ ရေးသားခဲ့ပါတယ်။
ခက်ခဲတဲ့အချိန်ကာလမှာ အားပေးထောက်ခံသူတွေကို ကျေးဇူးတင်ရှိကြောင်းလည်း အသက် ၃၁ နှစ်ရှိ မန်ယူကွင်းလယ်ကစားသမားဟောင်းက ပြောသွားပါတယ်။
Photo-Reuters