တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄၂ ပွဲပယ် ပြစ်ဒဏ်ခံရတာဟာ မှားယွင်းကြောင်း ပြင်သစ်ကွင်းလယ် ကစားသမားပေါ့ဘာက ပြောသွားပါတယ်။
ပေါ့ဘာဟာ ပြီးခဲ့တဲ့နှစ်သြဂုတ်လက ဂျူဗင်တပ်အသင်းနဲ့ ပထမဆုံး စီးရီးအေပွဲစဉ် ၁ မှာ ဆေးစစ်ခံခဲ့ရပြီးနောက် တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ၄၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ကြောင်း အီတလီမှာရှိတဲ့ တားမြစ်ဆေးတိုက် ဖျက်ရေးရုံးကနေ ဆုံးဖြတ်ချက်ချခဲ့တာပါ။
ပေါ့ဘာဘက်ကတော့ ပွဲပယ်ပြစ်ဒဏ်ဟာ မှားယွင်းနေပြီး ဆုံးဖြတ်ချက်အပေါ် အံ့သြ၊ ဝမ်းနည်းမိကြောင်း၊ အားကစားသမား တဦးအနေနဲ့ တားမြစ်ထားတဲ့ ဆေးဝါးတွေ သုံးစွဲဖူးခြင်း မရှိကြောင်း ပေါ့ဘာက ပြောပါတယ်။
တရားဥပဒေအရ အယူခံ တင်သွင်းမှာဖြစ်ပြီး အပြည့်အစုံသိရတဲ့အချိန်မှာ အမှုကိစ္စပြီးပြတ် သွားမယ်လို့ ပေါ့ဘာက ပြောပါတယ်။
အသက် ၃၁ နှစ်ရှိပေါ့ဘာဟာ ၄၂ ပွဲပယ် ပြစ်ဒဏ်အပေါ် အယူခံတင်သွင်းမှု ကျရှုံးခဲ့မယ်ဆိုရင် ကစားသမားဘဝက နေပါ အနားယူသွားရဖို့ ရှိပါတယ်။
Photo-Reuters