ပြီးပြည့်စုံတဲ့ လူပုဂ္ဂိုလ်မဟုတ်လို့ အမှားတွေလည်း ရှိနိုင်ကြောင်း မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
မန်ယူအသင်းမှာ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် ဝေဖန်မှုတွေခံနေရ ချိန်မှာ ဝေဖန်သူတွေကို ရက်ရှ်ဖို့ဒ်က တုံ့ပြန်ခဲ့တာပါ။
ပြီးပြည့်စုံတဲ့ လူပုဂ္ဂိုလ်မဟုတ်တာကြောင့် အမှားတွေလည်း ရှိနိုင်ပေမဲ့ အမှားတွေကို သင်ခန်းစာ ယူပြီး ပိုကောင်းအောင်လုပ်ဆောင်ဖို့လည်း ဝန်မလေးကြောင်း ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
ဒါ့အပြင် အသင်းအပေါ် ပေးဆပ်ကစားတဲ့စိတ်နဲ့ စရိုက်လက္ခဏာတွေကို ဝေဖန်မှုအပေါ်မှာတော့ လက်သင့်ခံမှာမဟုတ်ကြောင်း၊ ငယ်စဉ်ကတည်းက တဘဝစာ ပြောင်းလဲနိုင်မယ့် အခွင့်အရေးကို ပယ်ချပြီး ယူနိုက်တက်အတွက် ကစားပေးခဲ့တာဖြစ်ကြောင်း ရှက်ရှ်ဖို့ဒ်က ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့လပိုင်းက နိုက်ကလပ်သွားပြီး ပျော်ပါးမှုတွေကြောင့် အသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရဖူးပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
Photo-Reuters