Home
နိုင်ငံတကာ
AI နှင့် ဒစ်ဂျစ်တယ်ဂေဟစနစ် အကြောင်း တောင်ကိုရီးယားသမ္မတနှင့် ဇူကာဘာ့ဂ် ဆွေးနွေး
DVB
·
March 1, 2024
AI world 132024

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ  နိုင်ငံစုံ နည်းပညာလုပ်ငန်းစုကြီး Meta ကုမ္ပဏီရဲ့ CEO မာ့ခ် ဇူကာဘာ့ဂ်ကို ဖေဖော်ဝါရီ ၂၉ ရက်မှာ တွေ့ဆုံခဲ့ပြီး ဉာဏ်ရည်တု (AI) နဲ့ ဒစ်ဂျစ်တယ် ဂေဟစနစ်တွေမှာ အမေရိကန်ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ ဆွေးနွေးခဲ့တယ်လို့ သမ္မတ ယွန်းရဲ့ ရုံးကပြောပါတယ်။ 

တောင်ကိုရီးယားရဲ့ စမတ်အိမ်သုံးပစ္စည်းတွေ၊ ဝတ်ဆင်နိုင်တဲ့ ကိရိယာတွေနဲ့ စမတ်ကားတွေ စသဖြင့် ပစ္စည်းပစ္စယအမျိုးစုံအတွက် Meta ရဲ့ AI နည်းပညာမှာ ကောင်းမွန်တဲ့ ပလက်ဖောင်းတခုကို ကမ်းလှမ်းထားကြောင်း သမ္မတယွန်းက ပြောကြားခဲ့ပါတယ်။

သမ္မတက စီးပွားရေး အချိတ်အဆက်တွေအတွက် ပံ့ပိုးပေးမယ်လို့ ကတိပြုခဲ့ပြီး မက်ထာဗာ့စ် MetaVRse နဲ့ XR နည်းပညာပေါင်းစပ်မျက်မှန်တွေလို နယ်ပယ်တွေမှာ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

နိုင်ငံအများအပြားဟာ အခုနှစ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြချိန်မှာ Meta ရဲ့ ပလက်ဖောင်းပေါ်မှာ သတင်းအတုတွေနဲ့ တခြားအလွဲသုံးစားလုပ်မှုတွေကို စောင့်ကြည့်ခြင်းနဲ့ တန်ပြန်လုပ်ဆောင်ခြင်း အခန်းကဏ္ဍတွေမှာ ပါဝင်ပေးဖို့ သမ္မတယွန်းက တောင်းဆိုခဲ့ပါတယ်။ 

Meta ကုမ္ပဏီဘက်ကတော့ ဒီကိစ္စမှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်းမရှိပါဘူး။ ဇူကာဘာ့ဂ်ဟာ အာရှခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဂျပန်နဲ့ အိန္ဒိယတို့မှာ တထောက်ရပ်နားခြင်းတွေ အပါအဝင် ၁၀ နှစ်အတွင်း သူ့ရဲ့ပထမဆုံးသော လူသိရှင်ကြား ခရီးစဉ်အဖြစ် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024