ပြိုင်ဘက်ပရိသတ်တွေကို ညစ်ညမ်းတဲ့အပြုအမူလုပ်ပြခဲ့သူ စီရော်နယ်ဒိုကို ဆော်ဒီပရိုလိဂ်က တပွဲပယ်နဲ့ ပေါင် ၆၃၀၀ ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ အယ်လ်ရှာဘက် အသင်းနဲ့ ပွဲစဉ်အပြီးမှာ မက်ဆီ ဆိုပြီး အော်ဟစ်အားပေးခဲ့တဲ့ ပြိုင်ဘက်ပရိသတ်တွေဘက်ကို ပေါင်ခွကြားထဲ လက်နဲ့ထိုးပြခဲ့တာပါ။
အဲဒီအပေါ် ဆော်ဒီပရိုလိဂ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး ပရိသတ်တွေကို ရန်စတဲ့အပြုအမူဖြစ်တာကြောင့် တပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အယ်လ်ဟာဇမ်နဲ့ ပွဲမှာ ပွဲပယ်ခံခဲ့ရတာကြောင့် ပါဝင်နိုင်ခြင်းမရှိဘဲ ပွဲကြည့်စင်ကနေပဲ အားပေးခဲ့ပါတယ်။
အဲဒီပွဲမှာ အယ်လ်နာဆာအသင်းက ပွဲချိန် ၉၄ မိနစ်မှာ ပင်နယ်တီကနေ အနိုင်ဂိုးရခဲ့ပေမဲ့ ၉၉ မိနစ်မှာ ချေပဂိုးပြန်ပေးရပြီး ၄ ဂိုးစီသရေကျခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ ဆော်ဒီလိဂ်ပွဲစဉ် ၂၂ အပြီးမှာ အဆင့်တစ်နေရာက အယ်လ်ဟီလယ်နဲ့ တပွဲပိုအခြေအနေမှာ ၆ မှတ်အကွာ ဒုတိယနေရာမှာရပ်တည်နေပါတယ်။
Photo-Reuters