ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်းမှာ မတ်လ ၁ ရက် မနက်အစောပိုင်း ၂ နာရီ ၂၃ မိနစ်လောက်က သင်္ဘော တစီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
မီးလောင်မှုကို ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစီးနဲ့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီးတို့နဲ့ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာမှာ မနက် ၃ နာရီ ၇ မိနစ်မှာ မီးထိန်းနိုင်ပြီး ၃ နာရီ ၃၅ မိနစ်မှာ မီးငြိမ်း သွားတယ်လို့ ဆိုပါတယ်။
မီးလောင်တဲ့ သင်္ဘာဟာ လောင်စာဆီတင်သင်္ဘာဖြစ်ပြီး ညလူနေတိတ်ချိန် မီးလောင်ပေါက်ကွဲ သံကို ရန်ကုန်မြို့ပေါ် လူတွေ ကျယ်ကျယ်လောင်လောင်ကြားခဲ့ရပြီး အိမ်ပြတင်းတံခါးမှန်တွေ တုန်ခါမှုရှိခဲ့တယ်လို့ ရန်ကုန် မြို့ခံတယောက်က ပြောပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး လူတွေထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေနဲ့ မီးဘယ်ကနေ ဘယ်လို စတင်လောင်ကျွမ်းတယ်ဆိုတာ မသိရသေးပါဘူး။
Photo-MFSD