ရန်ကုန်အခြေစိုက် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ရန်ကုန်မြို့လယ်ခေါင်နဲ့ လူစည်ကားရာနေရာတွေမှာ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းပါအင်္ကျီတွေ ဝတ်ဆင်ပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါဟာ ရေဘဝဲ အဖွဲ့အစည်းတည်ထောင်ခြင်း ၃ နှစ်ပြည့် လှုပ်ရှားမှုအဖြစ် စစ်ကောင်စီရဲ့ ပြန်ပေးဆွဲမှုတွေ၊ လူသားဒိုင်းအဖြစ်အသုံးချဖို့ အဓမ္မစစ်တပ်အတွင်း သွတ်သွင်းမှုတွေကြောင့် လွတ်မြောက်ဒေသနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးဆီ ဆန့်ကျင်တိမ်း ရှောင်နေကြသူတွေ၊ အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသားတွေ၊ မြေပေါ်မြေ အောက်တော်လှန်ရေးအင်အားစုတွေနဲ့ ရန်ကုန်မှာ အမြန်ပြန်ဆုံမယ့် ရည်ရွယ်ချက်နဲ့ ပြု လုပ်တာလို့ ဆိုပါတယ်။
အဖွဲ့အနေနဲ့ ၃ နှစ်တာကာလအတွင်း သပိတ်တိုက်ပွဲဆင်နွှဲတာ၊ လုံခြုံရေးတင်းကျပ် စစ် ဆေးမှုတွေ၊ အသွင်ယူဖမ်းဆီးမှုတွေကြားက ပြောက်ကျားသပိတ်တိုက်ပွဲပေါင်း ၉၁ ကြိမ်ဆင်နွှဲနိုင်ခဲ့တဲ့အပြင် လှုံ့ဆော်စာတန်း ချိတ်ဆွဲတာ၊ အထင်ကရနေရာတွေ၊ သမိုင်း ဝင်အဆောက်အဦးတွေအနီး လှုံ့ဆော်စာတန်း ချိတ်မှုပေါင်း ၁၅ ကြိမ် ချိတ်ဆွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြေပြင်မှာသာမက၊ လူမှုကွန်ရက်အွန်လိုင်း ဆက်သွယ်ရေးပလက်ဖောင်းတွေ မာ လူမှုရေးပြစ်ဒဏ် စီးပွားရေးပြစ်ဒဏ်နဲ့ ကမ်ပိန်းပြုလုပ်တဲ့ လှုပ်ရှားမှုတွေမှာ လူထု ပါဝင်လာစေဖို့ ကြိုဆိုဖိတ်ခေါ်တဲ့ ထုစည်းရုံးလှုံ့ဆော်မှုပေါင်း ၁၄၀ ကြိမ် ပြုလုပ်ခဲ့တယ် လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်တာကာလတွေအတွင်းမှာတော့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေချိန် အကြမ်း ဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးရဲဘော် ၁ ယောက်၊ အကြမ်းဖက်ဖမ်းဆီးခံရ တာကြောင့် နိုင်ငံရေးအကျဥ်းသား ရေဘဝဲရဲဘော် စုစုပေါင်း ၁၂ ယောက်ထိရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၅၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈,၈၂၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၁ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၀၄၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။