Home
အားကစား
စပိန်ဘောလုံးလောကအတွက် ဂရင်းဝုဒ်ဆက်ရှိနေရန်လိုအပ်ဟု လာလီဂါဥက္ကဋ္ဌပြော
DVB
·
March 1, 2024

စပိန်ဘောလုံးလောကအတွက် မန်ယူတောင်ပံတိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ဆက်ရှိနေဖို့ လိုအပ် ကြောင်းလာလီဂါဥက္ကဋ္ဌ ယာဗီယာတီဘက်စ်ကပြောသွားပါတယ်။

အင်္ဂလန်တောင်ပံ ကစားသမားဟာ ဂီတာဖေးအသင်းမှာ အငှားလာရောက်ကစားနေတာဖြစ်ပြီး လာလီဂါမှာခြေစွမ်းပြနေသူပါ။ 

လက်ရှိ အချိန်မှာ မန်ယူအသင်းဘက်က ပြန်လည်ခေါ်ယူချင်တဲ့ အရိပ်အယောင်ပြသနေချိန်မှာ ဂရင်းဝုဒ်ကို ဂီတာဖေးအသင်းက ဆက်လက်ခေါ်ယူထားသင့်ကြောင်း လာလီဂါဥက္ကဋ္ဌက သဘောထား မှတ်ချက်ပေးခဲ့တာပါ။

သူကိုယ်တိုင် ရှေ့နေတဦးဖြစ်တာကြောင့် အမှုကနေကွင်းလုံးကျွတ်လွတ်မြောက်ပြီးဖြစ်တဲ့ ဂရင်းဝုဒ်အပေါ် ဘာမှာပြောစရာမရှိကြောင်း၊ ဂရင်းဝုဒ် လာလီဂါမှာဆက်ရှိနေမယ်ဆိုရင် စပိန်ဘောလုံးလောကအတွက်ပိုကောင်းကြောင်း ယာဗီယာတီဘက်စ်က ပြောပါတယ်။

ဝေဖန်သူတွေ အနေနဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်အပေါ် လေးစားမှုထားရှိသင့်ပြီး ဂရင်းဝုဒ်အပေါ် ဝေဖန်မှုတွေရပ်တန့် သင့်ကြောင်းလည်း လာလီဥက္ကဋ္ဌတီဘက်စ်က ပြောသွားပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013