ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ဂျူဗင်တပ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးနေပြီး အသင်းသစ်ရှာဖို့ ဆုံးဖြတ်ထားပါတယ်။
အသက် ၃၁ နှစ်ရှိ ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄ နှစ် ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရပေမဲ့ အယူခံတင်သွင်းမှု အောင်မြင်ခဲ့ပြီးနောက် ၁၈ လ ပွဲပယ်ပြစ်ဒဏ်သာ ကျခံရတော့မှာပါ။
ဒီအခြေအနေကြောင့် လာမယ့် ဇန်နဝါရီလမှာ လေ့ကျင့်ခန်းပြန်ဆင်းခွင့်ရမယ့် ပေါ့ဘာဟာ မတ်လအတွင်းမှာ ဘောလုံးပြန်ကစားနိုင်တော့မှာပါ။
ပေါ့ဘာဟာ မိခင်ကလပ် ဂျူဗင်တပ်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပေမဲ့ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားတာပါ။
ပေါ့ဘာအနေနဲ့ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းချက် လက်ခံရရှိထားပြီး ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့လာနိုင်ကြောင်း မီဒီယာတွေက ခန့်မှန်းရေးသားကြပါတယ်။