ပီအက်စ်ဂျီအသင်းအနေနဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို လစာကြွေးကျန် ဒေါ်လာ ၆၁ သန်းပေးဖို့ ပြင်သစ်လိဂ် တရားရေးကော်မရှင်က အမိန့်ချခဲ့ပါတယ်။
အမ်ဘာပေဟာ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်မှုကို ကော်မရှင်ရဲ့ ဖျန်ဖြေဖို့ ကမ်းလှမ်းချက်ကို ပြီးခဲ့တဲ့နေ့က ငြင်းပယ်ခဲ့ပြီးတဲ့နောက် ပြင်သစ်လိဂ်က အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ တာဝန်ရှိသူတွေနဲ့ အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေ ပါရီမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ ကော်မရှင်ရဲ့ ကမ်းလှမ်းမှုကို အမ်ဘာပေက ငြင်းဆိုခဲ့တာပါ။
အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ ကစားခဲ့တဲ့ ၃ လစာ လစာမရရှိမှုနဲ့ သစ္စာရှိမှု ဆုကြေးငွေလည်း မရရှိသေးဘူးလို့ ကော်မရှင်ကို ကိုယ်စားလှယ်တွေက ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီက အမ်ဘာပေကို ကြွေးကျန်လစာပေးဖို့ ဆန္ဒမရှိတာကြောင့် တရားဥပဒေအရ ရင်ဆိုင်ရဖွယ် ရှိပါတယ်။
ပီအက်စ်ဂျီက အမ်ဘာပေဟာ ၂၀၂၃-၂၄ ရာသီမတိုင်မီက အသင်းနဲ့ စာချုပ်သစ်မချုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး စာချုပ်သစ်အတွက် သဘောတူညီမှု မရခဲ့တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခွင့် ပြုခဲ့ရပါတယ်။
ပီအက်စ်ဂျီဟာ ၂၀၂၂ ခုနှစ်မှာ အမ်ဘာပေကို အသင်းရဲ့ သမိုင်းတလျှောက် မက်မောဖွယ် အကောင်းဆုံး ခံစားခွင့်တွေနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ အမ်ဘာပေက ငြင်းပယ်ခဲ့တဲ့နောက်မှာ နှစ်ဖက်ဆက်ဆံရေး တင်းမာခဲ့တာ ဖြစ်ပါတယ်။
စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းပယ်ခဲ့တဲ့ အမ်ဘာပေကိုလည်း ပီအက်စ်ဂျီအသင်းက ကြွေးကျန်လစာပေးဖို့ ဆန္ဒမရှိခဲ့တာကြောင့် အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီး ကော်မရှင်ကို နှစ်ဖက်ဆွေးနွေးမှုမှာ ပါဝင်ဖို့ အိမ်ဘာပေက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
Source-Reuters