ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုကို နမူနာယူပြီး နှစ်တွေကြာတဲ့အထိ ဆက်လက် ကစားသွားလိုကြောင်း အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောပါတယ်။
ရော်နယ်ဒိုဟာ အသက် ၄၀ နား ရောက်နေပြီဖြစ်ပေမဲ့ ဆော်ဒီကလပ် အယ်လ်နာဆာမှာရော ပေါ်တူဂီ လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းပြနေတာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားမားဘဝ စုစုပေါင်းသွင်းဂိုး ၉၀၁ ဂိုးအထိ ရှိသွားပြီး ကမ္ဘာမှာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံး သန်မာနေဆဲဖြစ်ပြီး ၉၀၁ ဂိုးအထိ သွင်းယူထားတဲ့ စီရော်နယ်ဒိုကိုကြည့်ပြီး အတုယူစရာ ရရှိစေတာကြောင့် ကစားနိုင်သမျှ ဆက်လက်ကစားသွားမယ်လို့ ဘိုင်ယန်တိုက်စစ်မှူး ကိန်းက ပြောပါတယ်။
အင်္ဂလန်အသင်းကို ကိုယ်စားပြု ကစားရတာဟာလည်း ဂုဏ်ယူစရာကောင်းပြီး နောက်ထပ် ဘယ်နှစ်ပွဲအထိ ကစားနိုင်မလဲဆိုတာ ဘယ်သူမှသိနိုင်မှာမဟုတ်ကြောင်း ဟယ်ရီကိန်းက ပြောသွားပါတယ်။
Photo-Reuters