
ဒီမနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပြင်သစ်ကလပ် မာဆေးလ်နဲ့ လီဗာပူးတို့ရဲ့ ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဧည့်သည် လီဗာပူးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်သွားပါတယ်။
အိမ်ရှင်မာဆေးလ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ဂိုးကန်သွင်းတာလည်း ပိုလုပ်ခဲ့ပေမဲ့ ဂိုးမရခဲ့ပဲ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
လီဗာပူးအတွက် ဂိုးတွေကိုတော့ ကွင်းလယ်ကစားသမား ဇိုဘော့ဆလိုင်းက ပထမပိုင်းပွဲချိန်အပြီး နာကျင်အချိန်ပိုမှာ ပြစ်ဒဏ်ဘောကနေ မြေလှိမ့်ဘောကန်ပြီး သွင်းယူခဲ့သလို ပွဲချိန် ၇၁ မိနစ်မှာ နောက်ခံအစွန်လူ ဖရန်ပေါင်ရဲ့ ဖြတ်တင်ဘောက မာဆေးဂိုးသမား ခြေထောက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ပွဲသိမ်းဂိုးကိုတော့ လူစားဝင်လာတဲ့ ဂက်ပိုက နာကျင်အချိန်ပို ၉၃ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ အဖွင့်ဂိုးသွင်းခဲ့တဲ့ လီဗာပူး ကွင်းလယ်လူ ဇိုဘော့ဆလိုင်းက ရသွားပါတယ်။
ဒီအနိုင်ပွဲအပြီးမှာတော့ လီဗာပူးတို့ ချံပီယံလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ မှာရှိနေပြီ ဖြစ်ပါတယ်။


