
အိုဘားမားအစိုးရ ပြုလုပ်ခဲ့တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ဆိုင်ရာ ပြည်ထောင်စု စည်းမျည်းစည်းကမ်းတွေကို အမေရိကန်သမ္မတ ထရမ့်ပ်က တရားဝင်ပယ်ဖျက်မယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။
ဒါဟာ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှု မူဝါဒကို ပြောင်းလဲစေမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ တရားဝင် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
၂၀၀၉ ခုနှစ်က သမ္မတ အိုဘားမားရဲ့ ဆုံးဖြတ်ချက်ကို တရားဝင် ပယ်ဖျက်မှာပါ။ ထရမ့်ပ်ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ အုပ်ချုပ်ရေးမှူး လီဇဲဒင်နဲ့အတူ အခမ်းအနား တက်ရောက်မယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလဲဗစ်က ပြောပါတယ်။
အစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဖန်လုံအိမ်ဓာတ်ငွေ့ဆိုင်ရာ စည်းကမ်းချက်တွေ တရားဝင်ပယ်ဖျက်ဖို့ အဆိုတင်ခဲ့တာပါ။
ရုပ်ကြွင်းလောင်စာ အဟန့်အတားမရှိ ထုတ်လုပ်မှုနဲ့ စွမ်းအင်သန့်စင်တာတွေ လုပ်ဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။
ဒါဟာ ရီပတ်ဘလစ်ကန်အစိုးရရဲ့ ရာသီဥတုဆိုင်ရာ ကြီးမားတဲ့ နောက်ကြောင်းပြန်မှု ဖြစ်လာပါတယ်။
ရာသီဥတုပြောင်းလဲမှု ဆိုတာက အလိမ်အညာတခုပဲလို့ ယုံကြည်ကြောင်း ထရမ့်ပ်က ပြောထားဖူးပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ ကမ္ဘာပေါ်က ကြိုးပမ်းမှုတွေကလည်း အမေရိကန်ကို ထရမ့်ပ်က နုတ်ထွက်စေခဲ့ပါတယ်။
Source: Reuters


