
မြန်မာနိုင်ငံတဝန်း တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေကို အခုပညာသင်နှစ် ၂၀၂၅-၂၀၂၆ အတွက် အခြေခံစစ်ပညာသင်တန်းနဲ့ တန်းမြင့်စစ်ပညာသင်တန်းတွေကို ဖွင့်လှစ်နေတယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။
တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအတွက် အခြေခံစစ်ပညာနဲ့ တန်းမြင့် စစ်ပညာသင်တန်းတွေကို နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်၊ ကမာရွတ်၊ ပုသိမ်၊ အမရပူရနဲ့ တောင်ငူမြို့တို့မှာ ဖွင့်လှစ်နေတာဖြစ်ပါတယ်။
ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် စစ်ပညာသင်တန်း၊ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းနဲ့ ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်း ဆိုပြီး ဖွင့်လှစ်နေတာပါ။
ဒါ့အပြင် သင်တန်းတွေကို သာမန်သင်တန်းချိန်နဲ့ စခန်းချလေ့ကျင့်ချိန်ဆိုပြီး သင်တန်းပေးသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး နိုင်ငံတဝန်း စစ်မှုထမ်းဖို့ လူငယ်တွေကို ခေါ်ဆောင်နေသလို တက္ကသိုလ်စာသင်ကျောင်းတွေမှာလည်း နှစ်စဥ် စစ်ပညာတွေကို သင်တန်းပို့ချပေးနေတာလည်း ဖြစ်ပါတယ်။


