Home
နိုင်ငံတကာ
အာဂျင်တီးနားတွင် တက္ကသိုလ်ကျောင်းသားများနှင့် ပါမောက္ခများ လမ်းပေါ်ထွက် စာသင်ပြီး ဆန္ဒပြ
DVB
·
September 17, 2025
Photo: Reuters

အာဂျင်တီးနားနိုင်ငံမြို့တော် ဘွေနော့စ်အေးရီးစ်က လမ်းပေါ်မှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ပါမောက္ခတွေဟာ စက်တင်ဘာ ၁၆ ရက်က စာသင်ခဲ့ကြပါတယ်။

အာဂျင်တီးနားသမ္မတ ဟာဗီယာမီလေးရဲ့ ပြည်သူ့ရန်ပုံငွေတိုးမြှင့်ရေး ငြင်းဆိုမှုကို ဆန့်ကျင်တဲ့ တပတ်ကြာ ဆန္ဒပြမှုတစိတ်တပိုင်းအဖြစ် ခုလိုဆောင်ရွက်ခဲ့တာပါ။

“အများပြည်သူပိုင် တက္ကသိုလ်တွေကို ဖျက်ဆီးမယ့် အစီအစဉ်” ကို ကန့်ကွက်ဖို့ ဘွေနော့စ်အေးရီးစ် တက္ကသိုလ်၊ ဒဿနိကဗေဒနဲ့ စာပေဌာနက အဖွဲ့ဝင်တွေဟာ စားပွဲတွေ၊ ကုလားထိုင်တွေကို လမ်းပေါ်ကို ရွှေ့ခဲ့တယ်လို့ ပါမောက္ခ ဟွမ် ဒွါတေက ပြောခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက်မှာလုပ်ဖို့ စီစဉ်ထားတဲ့ ချီတက်ဆန္ဒပြမှုဟာ အောက်လွှတ်တော်ရှေ့မှာ သမ္မတရဲ့ အဓိက ရန်ပုံငွေဆိုင်ရာ ဗီတိုအာဏာကို ပယ်ချဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အစိုးရတက္ကသိုလ်တွေ၊ ဆရာဝန်တွေနဲ့ အငြိမ်းစားယူသူတွေက တိုက်တွန်းဖို့ စုစည်းတဲ့ ချီတက် ဆန္ဒပြမှု ဖြစ်ပါတယ်။

မီလေးက သူ့ရဲ့ ဘဏ္ဍာရေးဟန်ချက်ညီတဲ့ စီးပွားရေးမူဝါဒရဲ့ တစိတ်တပိုင်းအနေနဲ့ တက္ကသိုလ်ဘဏ္ဍာရေးဥပဒေကြမ်းနဲ့ ကလေးအထူးကု အရေးပေါ်ဥပဒေကြမ်းကို ဗီတိုအာဏာ သုံးထားပါတယ်။

သမ္မတဟာ စက်တင်ဘာ ၁၅ ရက်မှာ လာမယ့်နှစ် ဘတ်ဂျက်အတွက် အစိုးရရဲ့ အဆိုပြုချက်ကို တင်ပြခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ ပင်စင်စရိတ်တွေ တိုးမြှင့်ပေးဖို့ အဆိုပြုခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013