
ပြင်သစ်နိုင်ငံတဝန်း ပြည်နယ်တွေက ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၁၀ ရက် အစောပိုင်းမှာ လမ်းတွေကို ပိတ်ဆို့ဆန္ဒပြဖို့ ကြိုးပမ်းနေကြပြီး လမ်းဆုံအဝိုင်းတွေမှာ ရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။
'နိုင်ငံတဝန်း အားလုံးကို ပိတ်ဆို့ပစ်'လို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှုကိုစဖို့ လမ်းတွေကို ပိတ်ဆို့ဖို့ ဆန္ဒပြသူတွေက ကြိုးပမ်းခဲ့ကြတာပါ။
မွန်ပီလီယေနဲ့ နွန့်ထ်မြို့တွေမှာ ရဲတပ်ဖွဲ့က အဝိုင်းတွေကနေ လူတွေကို ဘေးလွတ်ရာဆီရွှေ့ပြောင်းဖို့ အမိန့်ပေးတဲ့အတွက် ဆန္ဒပြသူတွေက လက်ခုပ်တီးရင်း အော်ဟစ်ခဲ့ကြပါတယ်။
ပါရီမြို့တော်မှာ ရထားအော်ပရေတာ SNCFက လေဆိပ်ကိုသွားတဲ့ RER ရထားတွေ အပါအဝင် ဒေသန္တရရထားလိုင်းတွေအတွက် ဝန်ဆောင်မှု အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
လေဆိပ်တွေ၊ ရထားဘူတာတွေနဲ့ အဝေးပြေးလမ်းတွေကို ပိတ်ဆို့တာတွေ ဒါမှမဟုတ် အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ ဖြစ်နိုင်တဲ့ လူပေါင်း တသိန်းလောက် ပါနိုင်တဲ့ ဆန္ဒပြပွဲတွေကို တားဆီးထိန်းချုပ်ဖို့ အစိုးရက ရဲတပ်ဖွဲ့ဝင် ၈၀,၀၀၀ ကို ဖြန့်ကြက် တပ်ချဖို့ စီစဉ်ထားပါတယ်။
Source: Reuters