
နီပေါနိုင်ငံမှာ ဆန္ဒပြမှုတွေ အရှိန်အဟုန်အားကောင်းလာချိန် စက်တင်ဘာ ၉ ရက်မှာ ဝန်ကြီးချုပ် ကေပီ ရှာမားအိုလီဟာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
လူမှုကွန်ရက်တွေ ပိတ်ပင်မှုအပေါ် Gen Z မျိုးဆက်တွေ ကန့်ကွက်မှုကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တောင်းဆိုမှုအဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။
စက်တင်ဘာ ၈ ရက်မှာတော့ လွှတ်တော်တွင်း ဝင်ရောက်စီးနင်းဖို့ ကြိုးစားခဲ့တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွင်းခဲ့မှုကြောင့် ၁၉ ယောက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် ပြည်ထဲရေးဝန်ကြီး အပါအဝင် ဝန်ကြီး ၃ ယောက် ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
၉ ရက်နေ့ အစောပိုင်းမှာ လူမှုကွန်ရက်ပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းကြောင်း အိုလီ အစိုးရက ကြေညာခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ ရပ်တန့်စေဖို့ မြို့တော် ခတ္တမန္ဒူမှာ အချိန်အကန့်အသတ်မရှိ ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေဟာ ကာဖျူးအမိန့်ကို ဖီဆန်ပြီး ဆက်လက်ကန့်ကွက်နေကြချိန်မှာ ဝန်ကြီးချုပ်ပါ ရာထူးက နုတ်ထွက်သွားတာ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေး မရေရာမှုတွေနဲ့ ရုန်းကန်နေရတဲ့ နီပေါနိုင်ငံအတွက် အခုအခြေအနေဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး မငြိမ်မသက်မှုတခု ဖြစ်လာပါတယ်။
Source: Reuters