
ပြင်သစ်ဂန္ထဝင် ဇီဒန်းဟာ လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ ပြင်ဆင်နေပါတယ်။ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ နည်းပြဇီဒန်းဟာ ၂၀၂၁ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ် တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် ဘယ်အသင်းကိုမှ တာဝန်ယူခြင်း မရှိတော့တာပါ။
ပြင်သစ်အသင်းကို နည်းပြ ဒေးရွှန့်စ်က တာဝန်ယူနေပေမဲ့ နည်းပြဇီဒန်းက လွှဲပြောင်းတာဝန်ယူဖို့ ပြင်ဆင်နေကြောင်း ပြင်သစ်သတင်းစာတွေမှာ ဖော်ပြကြပါတယ်။
ပြင်သစ်အသင်းဟာ လတ်တလောမှာ နည်းပြချုပ် ဒေးရွှန့်စ်ကို ဆက်လက်တာဝန်ပေးထားမှာဖြစ်ပြီး ဇီဒန်းကို အနာဂတ်အတွက် ကြိုတင်ချိတ်ဆက်ထားတာဖြစ်တယ်လို့ သိရပါတယ်။