
အခုနှစ် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်းကို ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက ရွေးချယ်သွားပါတယ်။
ပွဲစဉ် ၃ အပြီးမှာ လီဗာပူးအသင်း ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဦးဆောင်နေပြီး အဓိကပြိုင်ဘက်ဖြစ်လာနိုင်တဲ့ အာဆင်နယ်ကိုလည်း ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ဂျာမန်သတင်းစာ BILD နဲ့ အင်တာဗျူးမှာတော့ ချန်ပီယံဆုအတွက် လီဗာပူးအသင်းကို ပထမဆုံး ပြေးမြင်ရမှာဖြစ်ပြီး နောက်တကြိမ် ထပ်မံရယူနိုင်ဖို့ ဆုံးဖြတ်ထားမှာ ဖြစ်ကြောင်း အမ်ဘာပေက ပြောပါတယ်။
မန်စီးတီးကလည်း နည်းပြဂွါဒီယိုလာနဲ့ တိုက်စစ်မှူးဟာလန်း တို့ရှိတဲ့အတွက် ချန်ပီယံရယူနိုင်ကြောင်း အမ်ဘာပေက ပြောပါတယ်။
ဒါပေမဲ့ အာဆင်နယ်အသင်းအပေါ်မှာတော့ မြင့်မားတဲ့မျှော်လင့်ချက်ထားရှိပြီး နှစ်ကာလ ကြာရှည်စွာ အတူတကွကစားခဲ့တဲ့ ကစားသမားတွေ များတာကြောင့် ဘောလုံးမှာ အဲဒီ အချက်က အရေးပါတယ်လို့ အမ်ဘာပေက ပြောပါတယ်။
တိကျတဲ့ အဖြေပေးဖို့ ခက်ခဲနိုင်ပေမဲ့ အခုနှစ်ရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရနိုင်ပြီး သူတို့ရဲ့ အကောင်းဆုံးဘောလုံးရာသီ ဖြစ်လာနိုင်တယ်လို့ အမ်ဘာပေက ပြောသွားပါတယ်။