
ဒီနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ရဲ့ အုပ်စု D အဖွင့်ပွဲစဉ်မှာ ပြင်သစ်အသင်းက ယူကရိန်းအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ပြင်သစ်အတွက်အဖွင့်ဂိုးကို အိုလစ်စီက ပွဲကစားချိန် ၁၀ မိနစ်မှာသွင်းယူပေးခဲ့ပြီး ဒုတိယအနိုင်ဂိုးကို အမ်ဘာပေက ပွဲပြီးခါနီး ၈၂ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ သွင်းယူခဲ့တာပါ။
အခုဂိုးဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် အမ်ဘာပေရဲ့ ၅၁ ဂိုးမြောက်ဂိုးဖြစ်ပါတယ်။
အဲဒီ ဂိုးကြောင့် အသက် ၂၆ နှစ် အရွယ်ကစားသမားဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းထားသူစာရင်းမှာ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီနဲ့ ဂိုးအရေအတွက်တူသွားပြီး တတိယနေရမှာ ရှိနေပါတယ်။
ပထမနေရာမှတော့ တိုက်စစ်မှူး ဂီရော့က သွင်းဂိုး ၅၇ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားပါတယ်။
Photo: Reuters