
ယူနိုက်တက်ဂန္ထဝင် ရွိင်ယန်ဂစ်စံချိန်တင်ထားတဲ့ အဝေးကွင်း ဂိုးဖန်တီးမှုစံချိန်ကို အသင်း ခေါင်းဆောင် ဖာနန်ဒက်စ်က ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ အခုနှစ်ရာသီပွဲစဉ် ၂၅ အပြီးမှာပဲ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိရရှိထားပြီး ၈ ကြိမ် က အဝေးကွင်းပွဲစဉ်တွေမှာ ရရှိခဲ့တာပါ။
ယူနိုက်တက်အသင်းသမိုင်းမှာ ဘောလုံး တရာသီအတွင်း အဝေးကွင်းဂိုးဖန်တီးမှု အများဆုံး ကစား သမားက ရွိင်ယန်ဂစ်ဖြစ်ပြီး ၂၀၀၁-၂၀၀၂ ရာသီမှာ ၈ ကြိမ် ဂိုးဖန်တီးခဲ့တာပါ။
ယူနိုက်တက်ဟာ ဖေဖော်ဝါရီ ၁၁ ရက်မနက်ပိုင်းမှာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းမှာရင်ဆိုင် ရမှာဖြစ်ပြီး ဖာနန်ဒက်စ်က ဂိုးဖန်တီးမှု တကြိမ်လုပ် ဆောင်နိုင်မယ်ဆိုရင် အသင်းသမိုင်း တလျှောက် အဝေးကွင်းမှာ ဂိုး ဖန်တီးမှု အများဆုံးကစားသမားအဖြစ် မှတ်တမ်း တင်နိုင်မှာပါ။
ပရီးမီးယားလိဂ်သမိုင်းမှာတော့ တရာသီအတွင်းအဝေးကွင်းဂိုးဖန်တီးမှု အများဆုံးကစားသမား တွေအဖြစ် ၁၁ ကြိမ်စီ ပြုလုပ်ထားတဲ့ ဖာဘရီဂက်စ်နဲ့ မိုဆာလာတိုက မှတ်တမ်းတင်ထားပါတယ်။
Photo:Reuters


