
ဆော်ဒီလိဂ်ဆီပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်လာတဲ့အပေါ် မန်ယူကွင်းလယ်လူ ဘရူနိုဖာ နန်ဒက်စ်က ပယ်ချလိုက်ပါတယ်။
ပေါ်တူဂီကွင်းလယ်ကစားသမားဟာ မန်ယူအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိစာချုပ် သက်တမ်းရှိပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်းရှိနေပေမဲ့ ဆော်ဒီလိဂ်ဆီပြောင်းရွှေ့နိုင်ကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။
နိုင်ငံ့လက်ရွေးစင်အသင်းနဲ့ မန်ယူနိုက်တက်အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး အသင်းမှာ ပျော်ရွှင်နေကြောင်း ပေါ်တူဂီတီဗီနဲ့အင်တာဗျူးမှာ ဖာနန်ဒက်စ်ကပြောပါတယ်။
ဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ရာသီသစ်မှာ မျှော်လင့်ထားသလို မစတင်နိုင်ခဲ့ကြောင်း၊ အပြောင်းအရွှေ့ကောလာဟလတွေကို ဂရုစိုက်နေမှာမဟုတ်ကြောင်း ဖာနန် ဒက်စ်ကပြောပါတယ်။
ဖာနန်ဒက်စ်ဟာ နည်းပြဟောင်း ဖာဂူဆန်နောက်ပိုင်းမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံးခေါ်ယူမှု အဖြစ် သတ်မှတ်ခံထားရပါတယ်။
Photo-Reuters


