လာမယ့်ရာသီအတွင်း ဆော်ဒီပရိုလိဂ်မှာ အယ်ဟီလယ်အသင်းရဲ့ လွှမ်းမိုးမှုကို အယ်နာဆာ တိုက်စစ်မှူး ရော်နယ်ဒိုက ချိုးဖျက်နိုင်ဖို့အတွက် ပစ်မှတ်ထားနေပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ရော်နယ်ဒိုဟာ အယ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့ပေမဲ့လည်း ပြည်တွင်းချန်ပီယံဆု မရသေးတာကြောင့် လာမယ့်ရာသီမှာ အောင်မြင်မှုရဖို့ ရည်မှန်းထားတာပါ။
အယ်ဟီလယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ၃၁ ပွဲနိုင်၊ ၃ ပွဲသရေရလဒ်နဲ့ အယ်နာဆာအသင်းကို ၁၄ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့အပတ်က ကစားခဲ့တဲ့ စူပါဖလားပွဲစဉ်အတွင်း ရော်နယ်ဒိုရဲ့ အယ်နာဆာကို အယ်ဟီလယ်က ၄-၁ နဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါသေးတယ်။
လာမယ့် ကြာသပတေးနေ့မှာတော့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပြန်လည်စတင်မှာဖြစ်ပြီး ရော်နယ်ဒိုက အယ်နာဆာအသင်းကို ချန်ပီယံဖြစ်လာအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
နောက်ဆုံးအပြောင်းအရွှေ့ ရာသီတုန်းက ဆော်ဒီလိဂ်ဟာ ဒေါ်လာ ၉၅၇ သန်း အသုံးပြုခဲ့ပေမဲ့လည်း ဒီရာသီမှာတော့ နာမည်ကျော် ကစားသမားသစ် ခေါ်ယူနိုင်မှု ကျဆင်းနေပါတယ်။
Photo-Reuters