Home
နိုင်ငံတကာ
ရေကြီးမည့်အရေးကြောင့် ဂျပန်အလယ်ပိုင်းဒေသခံများ ဘေးလွတ်ရာပြောင်းရွှေ့ရန် ညွှန်ကြား
DVB
·
September 21, 2024
photo-Reuters

ရေကြီးမယ့် အန္တရာယ်ကြောင့် ဂျပန်နိုင်ငံအလယ်ပိုင်းရှိ မြို့ ၂ မြို့မှာ ရှိတဲ့ ဒေသခံ ၃၀၀၀၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။ 

ဂျပန်နိုင်ငံအလယ်ပိုင်းမှာ မိုးကြီးပြီး ရေကြီးမယ့်အန္တရာယ်ရှိတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာကို‌ ပြောင်းရွှေ့ဖို့ ညွှန်ကြားချက်တွေ ထုတ်ထားတာပါ။ 

ဝါဂျီမာမှာ လူ ဦးရေ ၁၈၀၀၀ ရှိပြီး ဆူဇူမှာ လူဦးရေ ၁၂၀၀၀ ရှိကာ အီရှီကာဝါမှာ ရှောင်တိန်းခိုလှုံဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ 

ဝါဂီမာမှာ ရှိတဲ့လမ်းတွေရေမြှုပ်ကုန်တဲ့ ဓာတ်ပုံတွေကို ကျိုဒိုသတင်းဝက်ဘ်ဆိုက်က ဖော်ပြ ထားပါတယ်။ 

ဂျပန် မိုးလေဝသအဖွဲ့ကလည်း မိုးကြီးမည်ဖြစ်ကြောင်း အရေးပေါ်သတိပေးမှုထုတ်ပြန်ထားပြီး အဲဒီ ထုတ်ပြန်ချက်မှာ မိုးရေချိန် အမြင့်ဆုံး ရွားသွန်းမယ်လို့ ပါရှိပါတယ်။ 

ဂျပန်ရုပ်သံ NHK ကတော့ အစိုးရထုတ်ပြန်မှုကို ကိုးကားပြီး ဂျပန်မှာရှိတဲ့ မြစ် ၁၂ စင်းဟာ မြစ်ရေလျံမှုတွေ ဖြစ်နိုင်ကြောင်း ဖော်ပြပါတယ်။ 

အဲဒီဒေသဟာ နှစ်သစ်ကူးကာ လတုန်းက အင်အား ၇ ဒသမ ၅ မက်ဂနီကျူ့အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတဲ့ ဒေသ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ရေကြီးမှု၊ တောမီးလောင်မှုများ ကမ္ဘာအနှံဖြစ်ပွား လျက်ရှိပြီး ဂျပန်နိုင်ငံကလည်း ရေကြီးမယ့်အရေးနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024