
လူမှုကွန်ရက်မှာ အမှုသည်တွေ အကြောင်းချပြတာ၊ တရားရုံးလိမ်လည်ထွက်ဆိုတာ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစွည်းတွေကို အရောင်းအဝယ်စာချုပ် ချုပ်ဆိုတာတွေကြောင့် အထက်တန်းရှေ့နေတယောက်နဲ့ တရားလွှတ်တော်ရှေ့နေ ၂ ယောက်တို့ကို တာဝန်က အနားပေးလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
“ဒေါ်ဝေမျိုးသစ်က လူမှုကွန်ရက်မှာ အမှုသည်တွေရဲ့ အိမ်ထောင်ရေးပြဿနာတွေကို ချပြလို အလုပ်က ထုတ်ပစ်လိုက်တာ။ ဒေါ်စန္ဒာမင်းက သက်သေအတုလုပ်တဲ့ကိစ္စ၊ ဒေါ်အေးအေးမူကျတော့ တရားရုံးက ဆုံးဖြတ်လိုက်တဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစွည်းတွေကို လိုတာထက် ပိုစျေးတင်ပြီး စာချုပ်ချုပ်တဲ့ကိစ္စကြောင့် တရားလွှတတော်ရှေ့နေစာရင်းက ပယ်ဖျက်လိုက်တာ။”
အထက်တန်းရှေ့နေ ဒေါ်ဝေမျိုးသစ်မှာ လိင်တူ လိင်ကွဲ လက်ထပ်စာချုပ်တွေ၊ နိုင်ငံခြားသားတွေနဲ့ မြန်မာအမျိုးသမီးတွေကို လက်ထပ်စာချုပ်တွေ ပြုလုပ်ပေးတာအပါအဝင် အမှုသည်အတွင်းရေးတွေကို လူမှုကွန်ရက်မှာ ချပြတာကြောင့် အမိန့်အမေတ် ၃၁ /၂ဝ၂၆ နဲ့ အထက်တန်းရှေ့နေအဖြစ်မှ ထုတ်ပယ်ခဲ့တာလို့ ဆိုပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးမူမှာ သတ်မှတ်ပမာထက် မရွှေ့ပြောင်းနိုင်သော ပစွည်းတွေကို အရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့ပြီး သတင်ပေးပို့ဖို့ ပျက်ကွက်ခဲ့တာ၊ ၁/၂၀၂၆ နဲ့ တရားလွှတ်တော်ရှေ့နေစာရင်းက ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
အလားတူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန္ဒာမင်းမှာလည်း တရားပြိုင်သက်သေအဖြစ် တင်သွင်းရာ ဒေါ်အေးအေးဝင်းနေရာမှာ ဒေါ်ကြည်ကြည်ဝင်းကို လိမ်လည်ထွက်ဆိုခိုင်းခဲ့တာကြောင့် တရားလွှတ်တော်ချုပ်က ၁ /၂၀၂၆ အရ တရားလွှတ်တော်ရှေ့နေစာရင်းက ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ခုအတွင်း အဂတိလိုက်စားမှု၊ သက်သေလိမ်လည်တင်သွင်းမှုကြောင့် တရားလွှတ်တော်ရှေ့နေ ၉ ယောက်ကို တာဝန်က အနားပေးခဲ့တာလည်းရှိပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုကလည်း ခရိုင်တရားသူကြီးနဲ့ မြို့နယ်တရားသူကြီးအပါအဝင် ဥပဒေအရာရှိ ၁၇ ယောက်ကို အဂတိလိုက်စားမှုနဲ့တာဝန်က အနားပေးခဲ့ဖြစ်စဥ်လည်း ရှိပါတယ်။


