နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား အမိန့်အမှတ် ၅၇/၂၀၂၃ အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ် ၁၈ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီမှာ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်ယူပြီး ဒု-ဥက္ကဋ္ဌအဖြစ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဒု-ဗိုလ် ချုပ်ကြီး အောင်လင်းဒွေးနဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့က တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော် တို့ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူပင် အမိန့်အမှတ် ၅၅/၅၆/၂၀၂၃ ဖွဲ့စည်းပုံအခြေဥပဒေ ၄၁၉ အရ နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ အဖွဲ့ဝင် ဦးမောင်ကိုနဲ့ ဒေါက်တာ အောင်ကျော်မင်း၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး၊ သာသနာရေးနှင့် ယဥ်ကျေးမှု ဝန်ကြီးဌာန ဦးကိုကို၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်ယမရှင်ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့် တို့ကို တာဝန်မှ အနားပေးခဲ့ပါတယ်။
နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းကို နိူင်ငံတော်ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ခန်အပ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။