
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက လာမဲ့နှစ်တွေမှာ နိုင်ငံရဲ့စစ်တပ်ကို အဆင့်မြှင့်တင်ဖို့နဲ့ အာဏာကိုတိုးချဲ့ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားဌာန KRT က ဖေဖော်ဝါရီ ၉ ရက်မှာ ဖော်ပြပါတယ်။
ကင်မ်ဂျုံအန်းဟာ ဖေဖော်ဝါရီ ၈ ရက်မှာ လက်နက်ကိုင်တပ်ဖွဲ့များ တည်ထောင်ခြင်း နှစ်ပတ်လည်နေ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်လည်ပတ်ချိန်မှာ ခုလိုမှတ်ချက်တွေကို ပြောခဲ့တာပါ။
မြောက်ကိုရီးယားဟာ ၁၉၄၈ ခုနှစ်မှာ မြောက်ကိုရီးယားရဲ့ ပုံမှန်တပ်မတော်ကို တည်ထောင်သူ ကင်မ်အီဆွန်းက စစ်တပ်ကို တည်ထောင်ခဲ့တဲ့နေ့ဖြစ်တဲ့ တပ်မတော်နေ့ကို ဧပြီ ၂၅ ရက်ကနေ ၂၀၁၈ ခုနှစ်မှာတော့ ဖေဖော်ဝါရီ ၈ ရက်အဖြစ် ပြောင်းခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီလကုန်ပိုင်းမှာ မြို့တော် ပြုံယမ်းမှာ ၉ ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပဖို့ စီစဉ်နေတယ်လို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။
ကွန်ဂရက်ဟာ အဓိကမူဝါဒရည်မှန်းချက်တွေ ချမှတ်ဖို့ ၅ နှစ် တကြိမ် ကျင်းပတဲ့ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး နိုင်ငံရေးပွဲတွေထဲက တခုဖြစ်ပါတယ်။
Source: Reuters


