
တရုတ်နိုင်ငံဟာ ၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှု တိုက်တက်အောင် လုပ်ဆောင်သွားမယ်လို့ တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးမာက ပြောပါတယ်။
တရုတ်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးမာက “APEC အတွက် ဒီနှစ်ကတော့ တရုတ်နှစ်ပါပဲ။ အတူတကွတိုးတက်ဖို့ ပူးပေါင်းတည်ဆောက်စို့ ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး နိုဝင်ဘာလမှာ ကျင်းပမဲ့ ၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်တွေ ဆွေးနွေးပွဲကို တရုတ်နိုင်ငံက လက်ခံကျင်းပမှာပါ” လို့ ပြောပါတယ်။
အာရှ-ပစိဖိတ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေးပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ ကွမ်ကျိုးပြည်နယ်မှာ စီနီယာအရာရှိအစည်းအဝေးပွဲကို ပထမဆုံးအကြိမ် ကျင်းပနေပါတယ်။
တရုတ်မီဒီယာဖြစ်တဲ့ CMG နဲ့ တွေ့ဆုံမှုမှာ အာရှ-ပစိဖိတ် ဒေသတွင်း လွတ်လပ်တဲ့ ကုန်သွယ်မှုကို အလေးပေးဆောင်ရွက်ဖို့နဲ့ မတည်ငြိမ်မှုတွေတိုးလာတဲ့ ကမ္ဘာပေါ်က အခြေအနေတွေကြောင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ညီညွတ်ရမှာဖြစ်တယ်လို့ မာက ဖြေကြားထားပါတယ်။
APEC တရုတ်နှစ်အတွက် ပထမဆုံးစီးပွားရေးအစုအဖွဲ့ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ပါတယ်။
အဲဒီပွဲမှာ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဆန်းသစ်ဖန်တီးမှုနဲ့ ဆက်သွယ်မှုတို့ကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
APEC အဖွဲ့ဟာ ဒီနှစ်မှာ ပွင့်လင်းမှု၊ ဆက်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဖလှယ်မှာ ဖြစ်ပါတယ်။
ဒီနှစ်အတွက် APEC စီးပွားရေးအကြံပေးကောင်စီရဲ့ ဆွေးနွေးပွဲတွေကို မက္ကဆီကို၊ ဘန်ကောက်နဲ့ ရှန်ကျန်းမြို့တွေမှာ ကျင်းပမှာဖြစ်ပြီး နောက်ဆုံးအစည်းအဝေးကိုတော့ APEC စီးပွားရေး ခေါင်းဆောင်တွေက နိုဝင်ဘာလမှာ ကျင်းပမှာဖြစ်ပါတယ်။
Source: Reuters


