
ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ ကမ္ဘာ့အဆင့်ရှိ ကစားသမားဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ ရိုဆီနီယာက ပြောပါတယ်။
ပါလ်မာဟာ ဝုဗ်ကိုအနိုင်ရတဲ့ပွဲမှာ ပင်နယ်တီ ၂ ဂိုး အပါအဝင် ဟတ်ထရစ် ၃ ဂိုး သွင်းခဲ့ပြီးနောက် နည်းပြရိုဆီနီယာက ထုတ်ဖော်ချီးကျူးသွားတာပါ။
ပါလ်မာဟာ အကောင်းဆုံးပုံစံသာ ရရှိမယ်ဆိုရင် ရပ်တန့်လို့မရတဲ့ ကမ္ဘာ့အဆင့်ကစားသမား ဖြစ်ကြောင်း၊ ပါလ်မာလို ကစားသမား ရှိနေတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း နည်းပြ ရိုဆီနီယာက ပြောပါတယ်။
အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမားဟာ အခုနှစ်ရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲစဉ် ၁၆ ပွဲသာ ကစားခဲ့ရပေမဲ့ ၈ ဂိုးသွင်းပြီး ၂ ကြိမ် ဂိုးဖန်တီးထားပါတယ်။


