
လာမဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ ပြန်လည်ကစားနိုင်မယ်လို့ ချဲလ်ဆီးနည်းပြ ရိုဆီနီယာက အတည်ပြုသွားပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟာ ဆိုက်ပရပ်စ်ကလပ် ချန်ပီယံလိဂ်ပွဲစဉ်ကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့တာပါ။
ဒဏ်ရာအခြေအနေပြင်းထန်မှု မရှိတာကြောင့် ခရစ္စတယ်ပဲလေ့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါလ်မာ ပြန်ကစားနိုင်မှာဖြစ်ပြီး စွန့်စားမှု မလုပ်ချင်တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ချန်လှပ်ခဲ့တာလို့ နည်းပြ ရိုဆီနီယာကပြောပါတယ်။
ပါလ်မာဟာ အသင်းနဲ့ နောက်ဆုံး ၂ ရာသီအတွင်းမှာ ပွဲ ၁၀၀ ကစားခဲ့ပြီး သွင်းဂိုးနဲ့ ဖန်တီးမှု စုစုပေါင်း ၇၄ ကြိမ်အထိရှိခဲ့သူ ဖြစ်ပါတယ်။
Photo: Reuters


