ရခိုင်ပြည်နယ် သံတွဲမြို့၊ ရပ်ကွက် ၃ ရှိ ဗိုလ်ချုပ်လမ်းတလျှောက်ကို စစ်ကောင်စီက ဂျက် လေယာဉ်တစီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ ယောက် ဒဏ်ရာရရှိပြီး နေအိမ် ၉ လုံး ပျက်စီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတာဝန်ရှိသူတယောက်က “မြို့ခံ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်။ ပြီးတော့ နေအိမ်တွေ ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူ ၂ ယောက်ကတော့ အသက် ၅၀ အရွယ် ဦးအောင်သန်းလွင်နဲ့ ဦးသက်အောင်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

“အိမ်တွေကတော့ တချို့ဆို တက်နေလို့မရအောင် ပျက်စီးသွားပါတယ်။ မြို့နေပြည်သူတွေကတော့ အခု ထွက်ပြေးနေကြတယ်။”
စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ဒေါ်အေး၊ ဒေါ်ချမ်းမေ၊ ဦးတင်အောင်၊ ဦးလာလူ၊ ဦးမျိုး၊ ဒေါ်ထွေးကြည်နဲ့ ကိုငယ်ငယ်တို့ရဲ့ နေအိမ်အပါအဝင် စုစုပေါင်း ၉ လုံး ပြိုပျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ - APM (ပြိုပျက်သွားသည့် နေအိမ် နှင့် ထိခိုက်ဒဏ်ရာရသူ




