
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက တရားမဝင်ကျောက်မီးသွေးတွင်းတခုမှာ ကယ်ဆယ်ရေး သမားတွေက အလောင်း ၂ လောင်းကို ဖေဖော်ဝါရီ ၇ ရက်မှာ ထပ်တွေ့ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက် ၁၀ နာရီလောက်မှာ အရှေ့ဂျိန်းတီယာတောင်ကုန်းခရိုင်က ကြွက်တွင်းလို့ ခေါ်တဲ့ မိုင်းတွင်းတခုပေါက်ကွဲခဲ့တာပါ။
ကြွက်တွင်းမိုင်းတွင်းဆိုတာဟာ အလုပ်သမားတွေ ဖြတ်သန်းသွားလာဖို့ လုံလောက်တဲ့ ဥမင်လိုဏ်ခေါင်းတွေကို ခေါ်တဲ့နာမည် ဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ လူ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ခရိုင်ရဲ့ ဒုတိယကော်မရှင်နာ မာနစ်ရှ် ကူမားက ပြောပါတယ်။
မိုင်းတွင်းရဲ့ ဝေးလံခေါင်သီတဲ့ တည်နေရာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေခဲ့ပြီး ပြည်နယ်နဲ့ ပြည်ထောင်စုလုပ်သားတွေ ရောက်ဖို့ နာရီပေါင်းများစွာ လမ်းကြမ်းမောင်းနှင်ဖို့ လိုတယ်လို့ ကူမားက ပြောပါတယ်။
ကြွက်တွင်းမိုင်းတွေကို တချိန်က အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ပေမဲ့ သေဆုံးမှု မြင့်မားခြင်းနဲ့ ပတ်ဝန်းကျင်ပျက်စီးမှုတွေကြောင့် ၂၀၁၄ ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။
Source: Reuters


