အိန္ဒိယ-မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းက ပန်ဆောင်မြို့နယ်၊ ကျဲသရောက်ကျေးရွာထဲကို အိန္ဒိယတပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးလာကြဲလို့ လယ်တဲတလုံး ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အိန္ဒိယစစ်တပ်ဟာ သူတို့ကို တော်လှန်တိုက်ိခုက်နေတဲ့ လက်နက်ကိုင်တပ်တွေကို တိုက်တာလို့ အကြောင်းပြပြီး မြန်မာဘက်ခြမ်းကို ဒရုန်းနဲ့တိုက်ခိုက်တာလို့ပြောပေမဲ့ မြေပြင်မှာ အရပ်သားတွေရှိတဲ့ နေရာကိုပဲ ဒရုန်းဗုံးတွေ ကျနေတာလို့ နာဂဒေသခံတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လတွေတုန်းကလည်း ကသည်းလက်နက်ကိုင်တွေ ရှိတယ်ဆိုပြီး ပန်ဆောင်မြို့နယ် နာယန်းကျေးရွာနားနဲ့ လဟယ်မြို့နယ် ကာမွေလောရီ ကျေးရွာကို အိန္ဒိယတပ်တွေက ဒရုန်းတွေသုံးပြီး ဗုံးသီးတွေ ကြဲချခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တုန်းကလည်း အိန္ဒိယ-မြန်မာနယ်စပ်အနီး ကမ်ဂျုံးခရိုင်ထဲက အပြည်ပြည်ဆိုင်ရာ နယ်ခြားမှတ်တိုင် ၈၅ နဲ့ ၈၆ ကြားမှာ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တယောက် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရတဲ့အကြောင်း Hindustan Times သတင်းမှာ ဖော်ပြပါတယ်။
မောရစ်




