Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးတွင် ၂ ရက်အတွင်း တောမီးအပါအဝင် ၇ ကြိမ်လောင် 
DVB
·
February 7, 2026
Photo : MSFD
Photo : MSFD
Photo : MSFD
Photo : MSFD
Photo : MSFD

ရန်ကုန်မှာ ၂ ရက်အတွင်း တောမီးအပါအဝင် မီး ၅ ကြိမ်လောင်ပြီး မန္တလေးမှာလည်း ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မှာ မီး ၂ ကြိမ်လောင်တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ဒီမနက်အစောပိုင်း ၃ နာရီခွဲက ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန်-၂၊ ဆိပ်ကမ်းသာလမ်းမှာ ကိုင်းတောမီးလောင်လို့  လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး မနက် ၄ နာရီမှာ မီးငြိမ်းသွားပါတယ်။

မွန်းတည့် ၁၂ နာရီမှာလည်း တိုက်ကြီးမြို့နယ်၊ မေတ္တာအေးရွာမှာ တောမီးလောင်လို့ တိုက်ကြီးမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး ၁၂ နာရီ မိနစ် ၅၀ လောက်မှာ မီးငြိမ်းတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။

နေ့လယ် ၁၂ နာရီ ၅၅ မိနစ်မှာလည်း ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာ၊ အနော်ရထာလမ်းမှာ မီးလောင်လို့ ထန်းတပင်နဲ့ လှိုင်သာယာ မီးသတ်စခန်းက သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ၁ နာရီ ၁၂ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနေ့ညနေ ၃ နာရီကျော်ကလည်း မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပ ဂေါက်ကွင်းနားမှာ ကိုင်းတောမီးလောင်ခဲ့သလို ညနေ ၄ နာရီခွဲမှာလည်း မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်မှာ တောမီးလောင်လို့ နာရီဝက်ကြာလောက် ငြှိမ်းသတ်ခဲ့ရပါတယ်။

မန္တလေးမှာတော့ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အေးဇရပ်ရပ်မှာ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့လယ် ၁၂ နာရီ ၄၅ မိနစ်က မီးလောင်လို့ Level 2 ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရပြီးနောက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

ပြီးတော့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ မှာလည်း ချမ်းအေးသာစံမြို့နယ်၊ ၈၃ လမ်း၊ ၃၄ x ၃၅ အကြားမှာ တိုက်ခန်းတခန်း မီးလောင်ခဲ့ပါသေးတယ်။

မီးလောင်လို့ အိမ်တွေဘယ်လောက်ပျက်စီးဆုံးရှုံးတယ်ဆိုတာတော့ မသိရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013