
ချီလီနိုင်ငံ၊ ကွန်ဆက်ပ်စီယွန်မြို့ရှိ ရပ်ကွက်တခုမှာ တမင်တကာတောမီးရှို့ခဲ့သူ လို့ စွပ်စွဲခံထားရတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားတယောက်ကို ဘီယိုဘီယိုရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအမျိုးသားကို ကွန်ဆက်ပစီယွန် တရားရုံးရဲ့ နှုတ်မိန့်အရ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို တရားရုံးထုတ်သွားမှာပါလို့ ဘီယိုဘီယိုရဲတပ်ဖွဲ့အကြီးအကဲ ကလောက်ဒီယာချားမော်ရိုက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး အခုအချိန်အထိ ဖမ်းဆီးရမိသူ တယောက်ရှိပြီလို့လည်း ဆိုပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ ဒေသခံလူထုဟာ တောမီးလောင်ကျွမ်းသွားတဲ့နေရာတွေရှိ အမှိုက်တွေနဲ့ အပျက်အစီးတွေကို ဖယ်ရှားပြီး သန့်ရှင်းရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေကြပါတယ်။
ချီလီနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ တောမီးလောင်ကျွမ်းမှုတွေကြောင့် အနည်းဆုံး လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ကြောင်း အစိုးရရဲ့လူမှုကွန်ရက် (X) စာမျက်နှာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
Source:Reuters


