Home
နိုင်ငံတကာ
ချီလီတောမီး မြို့ပြကို ပျံ့နှံ့သွားပြီး လူ ၁၈ ဦးထက်မနည်း သေဆုံး
DVB
·
January 19, 2026
Photo: REUTERS/Juan Gonzalez

ချီလီနိုင်ငံက ဘီအိုဘီအိုနဲ့ နူဘလီစ်မြို့ပြဒေသတွေမှာ သီတင်းပတ်ကုန်ရက်က ပျံ့နှံ့သွားတဲ့ တောမီးတွေအတွင်း လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး မီးတောက်တွေဟာ ကွန်ဆပ်စီယွန် အပါအဝင် မြို့ပြဒေသတွေဆီ ရောက်ပြီးရင် သေဆုံးသူဦးရေ မြင့်တက်လာနိုင်တယ်လို့ သမ္မတ ဂေဘရီယယ်ဘောရစ်ခ်က ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။

ဘောရစ်ခ်က နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ဆောင်ချက်တွေကို ညှိနှိုင်းဖို့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ဟိုဆေးအန်တိုနီယိုကက်စ်ထ်နဲ့ စကားပြောခဲ့တယ်လို့လည်း ကြေညာပါတယ်။

ခေါင်းဆောင် ၂ ယောက်ဟာ အရေးပေါ်အခြေအနေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေဖို့နဲ့ ပြန်လည်တည်ဆောက်ရေးအစီအစဉ်တွေကို ညှိနှိုင်းဖို့ လာနေဒါ နန်းတော်မှာ တနင်္လာနေ့မှာ တွေ့ဖို့ စီစဉ်ထားပါတယ်။

မနေ့က လေကြောင်းက မီးသတ်လုပ်ငန်းတွေ ဆက်လုပ်ခဲ့ပြီး မီးခိုးနဲ့ မီးတောက်တွေ သစ်တောတွေကနေ လူနေဇုန်တွေဆီ ရွှေ့နေတာကို ဒေသခံတွေက ကြည့်ရှုခဲ့ကြပါတယ်။

မိုဘိုင်းဖုန်းတွေမှာလည်း ဘေးလွတ်ရာရွှေ့ပြောင်းရေး အချက်ပေးသံတွေ မြည်နေပြီး လူတွေထွက်ပြေးနေချိန်မှာ အခွန်ကောက်ခံတဲ့ ဂိတ်တွေကို စွန့်ပစ်ထားခဲ့ပါတယ်။

ချီလီနိုင်ငံရဲ့ တောမီးရာသီဟာ မိုးခေါင်ရေရှားမှုအခြေအနေတွေ၊ စီးပွားဖြစ်ထင်းရှူးပင်နဲ့ ယူကလစ်ပင် စိုက်ခင်းတွေ တိုးချဲ့လာမှုတွေကြောင့် မကြာသေးမီနှစ်တွေအတွင်း ပိုပြင်းထန်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မီးလောင်မှုတွေကြောင့် ဗယ်ပါရိုင်စို ဒေသမှာ လူ အယောက် ၁၃၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013