
တောင်ကိုရီးယားနိုင်ငံ၊ ဂန်ဝန်ပြည်နယ်၊ ယန်ယန်မြို့က တောမီးလောင်ကျွမ်းမှုကို နိုဝင်ဘာ ၂၃ ရက်၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်လောက်မှာ စတင်မီးလောင်ခဲ့ပြီး နောက်တနေ့မှာ တောင်ကိုရီးယားအစိုးရက အဆင့် ၁ တောမီးတုံ့ပြန်မှု သတိပေးချက် ထုတ်ပြန်ခဲ့ကာ ဒေသခံ ရာပေါင်းများစွာကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
အာဏာပိုင်တွေက မီးငြှိမ်းသတ်ဖို့ ညတွင်းချင်း ဝန်ထမ်း ၃၂၆ ယောက်ကို စေလွှတ်ခဲ့ပြီး မနက်မိုးလင်းချိန်မှာ မီးငြှိမ်းသတ်ဖို့ ရဟတ်ယာဉ် ၂၆ စင်းကို သုံးခဲ့ပါတယ်။
ကိုရီးယားသစ်တောဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ မီးသတ်သမားတွေက မီးငြှိမ်းသတ်ဖို့ လုပ်နေချိန်မှာ တောင်စောင်းတခုမှာ လောင်နေတဲ့ မီးတောက်တွေကို ပြသထားပါတယ်။
တောမီးက အနီးအနားက လူနေရပ်ကွက်တွေဆီ မပျံ့နှံ့ဘဲ ၂၂ ဒသမ ၅ ဟက်တာလောက် လောင်ကျွမ်းခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ တောမီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
Source: Reuters


