Home
နိုင်ငံတကာ
ချီလီတောမီး သေဆုံးသူ မြင့်တက်၊ ချီလီရဲတပ်ဖွဲ့ မီးဘေးသင့်သူများကို ရှာဖွေ
DVB
·
January 22, 2026
Photo: REUTERS/Adriano Machado

ချီလီရဲတပ်ဖွဲ့ဟာ ဘီယိုဘီယိုဒေသအတွင်း  အကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့ တောမီးတွေကြောင့် သေဆုံးသူ အနည်းဆုံး အယောက် ၂၀ ရှိပြီး သေဆုံးသူ နောက်ထပ် ရှိ၊ မရှိ အတည်ပြုနိုင်ဖို့အတွက် ဇန်နဝါရီ ၂၀ ရက်မှာ မီးလောင်ပျက်စီးနေတဲ့ အဆောက်အအုံ အကြွင်းအကျန်တွေကို ရှာဖွေခဲ့ပြီး အပျက်အစီးတွေကို ဖယ်ရှားတာ၊ ပိတ်ထားတဲ့ နေအိမ်တွေကို ဖွင့်လှစ်စစ်ဆေးတာ စတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ 

အာဏာပိုင်တွေဟာ ပျောက်ဆုံးနေသူတွေရဲ့ အခြေအနေကို ခြေရာခံအတည်ပြုနိုင်ဖို့အတွက် မိသားစုဝင်တွေကိုလည်း လူပျောက်တိုင်ကြားချက်တွေ လာဖွင့်ကြဖို့ တိုက်တွန်းထားကြောင်း စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ (PDI) ညွှန်ကြားရေးမှူး အက်ဒွာဒို ဆာနာ က ပြောပါတယ်။

နိုင်ငံရဲ့ ဥပဒေရေးရာ ဆေးဘက်ဌာနက သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း ဆက်လက်ခွဲခြား သတ်မှတ်နေချိန်မှာပဲ အခုစစ်ဆင်ရေးကို လုပ်ဆောင်လာတာဖြစ်ပြီး လက်ရှိအချိန်အထိ တောင်ပိုင်းဒေသမှာ တောမီးကြောင့် ထိခိုက်သေဆုံးသူ အနည်းဆုံးအယောက် ၂၀ ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ 

တောမီးလောင်ကျွမ်းမှုကြောင့် လူမှုအသိုက်အဝန်း အသီးသီးမှာ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ ရပြီး ပျက်စီးမှုတွေကို စစ်ဆေးတွက်ချက်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါတယ်။

ချီလီနိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း မိုးခေါင်မှုနဲ့ အပူချိန်မြင့်မားမှုကြောင့် ပိုမိုဆိုးရွားလာတဲ့ တောမီးလောင်ကျွမ်းမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013