Home
နိုင်ငံတကာ
ဆန္ဒပြပွဲအား ဗုံးခွဲရန် ကြိုးပမ်းမှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် သြစတြေးလျ ပြော
DVB
·
February 5, 2026
Photo: AUSTRALIAN BROADCASTING CORPORATION / WESTERN AUSTRALIA POLICE FORCE

ဩစတြေးလျနိုင်ငံ အမျိုးသားနေ့ကို ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲတခုအား ဇန်နဝါရီ ၂၆ ရက်မှာ ဗုံးခွဲဖို့ ကြိုးပမ်းချက်ကို အကြမ်းဖက်ဖြစ်ရပ်တခုအဖြစ် သတ်မှတ်တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ဖေဖော်ဝါရီ ၅ ရက်မှာ ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်က အနောက်ဩစတြေးလျပြည်နယ် ပါ့သ်မြို့မှာ လူထောင်ပေါင်းများစွာပါတဲ့ လူအုပ်ထဲကို အိမ်လုပ်ဗုံးတလုံး ပစ်ပေါက်ခဲ့တယ်လို့ စွပ်စွဲခံရပြီးတဲ့နောက် အသက် ၃၁ နှစ်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဗုံးက မပေါက်ကွဲခဲ့ဘဲ ဖြစ်ရပ်အတွင်း ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

ဗုံးနဲ့ပစ်သူဟာ လူဖြူ လူမျိုးကြီးဝါဒ အမြင်ရှိပြီး တိုက်ခိုက်မှုဟာ နိုင်ငံရဲ့ အဓိက ဌာနေတိုင်းရင်းသား အုပ်စု ၂ ခုအနက် တခုကို ပစ်မှတ်ထားဖို့ ကြိုးပမ်းချက်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ အနောက်သြစတြေးလျ ဝန်ကြီးချုပ် ရော်ဂျာကွတ်ခ်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

အကြမ်းဖက်မှုစွဲချက်ဟာ အနောက်သြစတြေးလျပြည်နယ်မှာ ပထမဆုံးအကြိမ် ပြစ်မှုအပေါ် စွဲချက်လည်းဖြစ်ပြီး ထောင်ဒဏ်တသက်အထိ အများဆုံးပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013