Home
နိုင်ငံတကာ
မဲလ်ဘုန်းမြို့ရှိ ဂန္ဒီကြေးရုပ် ခြေထောက်ဖြတ်ပြီး ခိုးယူခံရ
DVB
·
February 5, 2026
Photo: SEVEN NETWORK

ဂန္ဒီကြေးရုပ် ခြေထောက်ကနေဖြတ်ပြီး ခိုးယူခံရမှု ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

၉၂၆ ပေါင် အလေးချိန်ရှိတဲ့ အိန္ဒိယခေါင်းဆောင်ကြီး ဂန္ဒီကြေးရုပ်တုဟာ မဲလ်ဘုန်းမြို့ အရှေ့တောင်ပိုင်းရှိ ဩစတြေးလျ အိန္ဒိယန်း ကွန်မြူနတီစင်တာ အပြင်ဘက်မှာ အမှတ်တရထားရှိတဲ့အရုပ် ဖြစ်ပါတယ်။

ဒီကြေးရုပ်တုကို တနင်္လာနေ့မနက် ၁၂ နာရီ မိနစ် ၅၀ လောက်က  ခိုးယူခဲ့တာလို့ ဩစတြေးလျတူဒေးသတင်းမှာ ဖော်ပြပါတယ်။

ဒီကြေးရုပ်တုဟာ ဇန်နဝါရီ ၁၂ ရက် အစောပိုင်းက ဖယ်ရှားခံခဲ့ရတာလို့လည်း ဩစတြေးလျ မီဒီယာတွေကို ကိုးကားပြီး  The News Indian Express က ဖော်ပြပါတယ်။

လူ ၃ ယောက်ဟာ ကျောက်ဖြတ်စက်ကို အသုံးပြုပြီး ကြေးရုပ်တုရဲ့ ခြေရင်းကနေ ဖြတ်ပြီး ခိုးယူခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကြေးရုပ်တုရဲ့ ခြေချင်းဝတ်သာ ကျန်ရှိတဲ့ ပုံတွေလည်း ဆိုရှယ်မီဒီယာတွေမှာ တွေ့မြင်ရပါတယ်။

ဒီရုပ်တုဟာ နယူးဒေလီမှာရှိတဲ့ အိန္ဒိယယဉ်ကျေးမှုကောင်စီ (ICCR) က ယဉ်ကျေးမှု၊ သမိုင်းနဲ့ ဩစတြေးလျမှာရှိတဲ့ အိန္ဒိယလူမျိုးတို့ရဲ့ အထိမ်းအမှတ် သင်္ကေတအဖြစ် လက်ဆောင်ပေးထားတဲ့ ကြေးရုပ်တု ဖြစ်ပါတယ်။

အိန္ဒိယအစိုးရရဲ့ ပေးအပ်မှုကို ၂၀၂၁ ခုနှစ်က ဩစတြေးလျဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်လှစ်ပေးတဲ့ ကြေးရုပ်တုလည်း ဖြစ်ပါတယ်။

ဂန္ဒီရဲ့ ကြေးရုပ်တုကို ၂၀၂၁ ခုနှစ်တုန်းကလည်း ဖျက်ဆီးဖို့ ကြိုးစားခဲ့ဖူးသလို ကြေးရုပ်ကို ခေါင်းဖြတ်ဖို့လည်း ကြိုးစားခဲ့ဖူးတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဩစတြေးလျမှာ အိန္ဒိယဆန့်ကျင်တဲ့သူတွေဟာ ၂၀၂၅ ခုနှစ်ကတည်းက နံရံတွေပေါ်မှာ Graffiti တွေဆွဲပြီး လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013