
ဩစတြေးလျနိုင်ငံ အဒူလေ့ဒ် စာရေးဆရာပွဲတော်မှာ ပါလက်စတိုင်း-ဩစတြေးလျ စာရေးဆရာမ ရန်ဒါ အဗ္ဗဒယ်-ဖာတာကို ဖိတ်ကြားမှု မပြုခဲ့ပြီးနောက်မှာ ပွဲတော်ဘုတ်အဖွဲ့ နုတ်ထွက်သွားတာကြောင့် ဘုတ်အဖွဲ့နဲ့ ဥက္ကဋ္ဌအသစ်တယောက်ကို ခန့်အပ်ပြီးနောက် ပွဲတော်ဟာ စိန်ခေါ်မှုများပြားတဲ့ သီတင်းပတ် ဖြစ်ခဲ့ကြောင်း တောင်ဩစတြေးလျပြည်နယ်ရဲ့ အနုပညာဝန်ကြီးက ဇန်နဝါရီ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာနဲ့ ဩစတြေးလျ စာရေးဆရာ ၁၈၀ ကလည်း ဆုံးဖြတ်ချက်ချပြီးနောက် ၂၀၂၆ ခုနှစ် အဒူလေ့ဒ် စာရေးဆရာပွဲတော်ကို သပိတ်မှောက်ခဲ့ကြပြီးနောက် ဖျက်သိမ်းလိုက်ပါတယ်။
အဒူလေ့ဒ် ပွဲတော်ဘုတ်အဖွဲ့ဟာ နောက်လရဲ့ စာရေးဆရာ ရက်သတ္တပတ်ကနေ ဝတ္ထုရေးဆရာနဲ့ တက္ကသိုလ်ပညာရှင် အဗ္ဗဒယ်-ဖာတာကို ဖိတ်ကြားမှု ရပ်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်မှာ ကြေညာခဲ့ပြီးနောက် သပိတ်မှောက်မှု စတင်ခဲ့တာပါ။
ဘွန်ဒိုင်းကမ်းခြေဖြစ်ရပ်အပြီး သိပ်မကြာသေးတဲ့ ဒီလို မကြုံစဘူးအချိန်မှာ သူ့ကို အစီအစဉ်ထဲမှာ ဆက်ထားရှိမယ်ဆိုရင် ယဉ်ကျေးမှုအရ မသင့်တော်တာကြောင့်လို့ ဆိုပါတယ်။
စာရေးဆရာမ အဗ္ဗဒယ်-ဖာတာ ကလည်း ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းဆန့်ကျင်ရေး လူမျိုးရေးခွဲခြားမှုနဲ့ ဆင်ဆာဖြတ်တောက်မှုရဲ့ ရှက်စရာကောင်းတဲ့ လုပ်ရပ်တခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တောင်ဩစတြေးလျပြည်နယ်မှာ လာမဲ့လ ကျင်းပမဲ့ စာရေးဆရာပွဲတော်မှာ ဆက်လက်ပါဝင် တက်ရောက်တော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့တဲ့ စာရေးဆရာတွေထဲမှာ နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း ဂျက်ဆင်ဒါ အာဒန်၊ ဗြိတိသျှစာရေးဆရာမ ဇာဒီ စမစ်၊ ဩစတြေးလျ စာရေးဆရာမ ကတ်သီ လက်တာ၊ ပူလစ်ဇာဆုရှင် အမေရိကန်စာရေးဆရာ ပါစီဗယ် အဲဗရက်နဲ့ ဂရိဘဏ္ဍာရေးဝန်ကြီးဟောင်း ယာနစ်စ် ဗာရူဖာကစ် တို့လည်း ပါဝင်ကြောင်း ဩစတြေးလျ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အင်္ဂါနေ့မှာတော့ ပွဲတော်ဘုတ်အဖွဲ့ဟာ ဆုံးဖြတ်ချက်ကို တင်ပြတဲ့ပုံစံအတွက် အဗ္ဗဒယ်-ဖာတာကို တောင်းပန်ခဲ့ပါတယ်။
အဗ္ဗဒယ်-ဖာတာ ကလည်း တောင်းပန်မှုကို သူ လက်မခံကြောင်း လူမှုမီဒီယာမှာ ရေးသားခဲ့ပြီး ဘွန်ဒိုင်းတိုက်ခိုက်မှုဟာ သူနဲ့ ဘာမှမပတ်သက်သလို ပါလက်စတိုင်းလူမျိုးတွေနဲ့လည်း မပတ်သက်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Source: Reuters


